ခရစ်တော်/အားဖြင့် လွတ်လပ်ခြင်း
5
ပညတ်တရား/မှ လွတ်လပ်ခွင့်/ရ/စေရန် ခရစ်တော်/သည် ကျွန်ုပ်တို့/ကို လွတ်မြောက်စေတော်မူ၏။ ထို့ကြောင့် လွတ်လပ်သူများ/အဖြစ် ခိုင်မြဲ/စွာ ရပ်တည်ကြလော့။ ကျွန်/ထမ်းပိုး/ကို နောက်တစ်ဖန် မထမ်းကြနှင့်။
2 နားထောင်ကြလော့။ ဖြောင့်မတ်ကြောင်း သတ်မှတ်/ခံရ/ရန် အရေပြားလှီးခြင်း/မင်္ဂလာ/ကို သင်တို့/ခံယူ/လျှင် ခရစ်တော်/အားဖြင့် မည်သည့်/အကျိုး/ကိုမျှ သင်တို့/ရကြမည်/မဟုတ်/ဟု ကျွန်ုပ်/ပေါလု/ပြော၏။ 3 အရေပြားလှီးခြင်း/မင်္ဂလာ/ကို ခံယူသော/သူတိုင်း/သည် ပညတ်တရား/အားလုံး/ကို လိုက်နာ/ဆောင်ရွက်ရမည်/ဖြစ်ကြောင်း ကျွန်ုပ်/ထပ်မံ သတိပေး၏။ 4 ပညတ်တရား/ကို လိုက်နာကျင့်သုံးခြင်း/အားဖြင့် ဘုရားသခင်/ရှေ့တော်/၌ ဖြောင့်မတ်သည်/ဟု သတ်မှတ်/ခံလိုသော သင်တို့/သည် ခရစ်တော်/နှင့် အဆက်ပြတ်/၍ ဘုရားသခင်/၏ ကျေးဇူးတော်/လက်အောက်/တွင် မရှိကြတော့ပေ။
5 ကျွန်ုပ်တို့/မှာမူ ယုံကြည်ခြင်း/အားဖြင့် ဘုရားသခင်/ကတိပြုတော်မူသော ဖြောင့်မတ်ခြင်း/ကို လက်ခံရရှိမည်/ဟု မျှော်လင့်/၍ ဝိညာဉ်တော်/ကို အမှီပြု/လျက် စောင့်မျှော်/နေကြ၏။ 6 အဘယ်ကြောင့်ဆိုသော် ယေရှု/ခရစ်တော်/ကို ယုံကြည်/လျှင် အရေပြားလှီးခြင်း/မင်္ဂလာ/ကို ခံယူပြီးသည်/ဖြစ်စေ၊ မခံယူဘဲနေသည်/ဖြစ်စေ အရေးမကြီး/သောကြောင့်/ဖြစ်၏။ အရေးကြီးသည့်/အချက်/မှာ ကျွန်ုပ်တို့/သည် ခရစ်တော်/ကို ယုံကြည်ခြင်း/ဖြစ်ပြီး သူတစ်ပါး/အပေါ် မေတ္တာထားခြင်း/ဖြင့် ထိုသို့/ယုံကြည်ကြောင်း ပေါ်လွင်/ရန် ဖြစ်၏။
7 ယခင်/က သင်တို့/သည် သမ္မာတရား/လမ်း/အတိုင်း ကောင်းမွန်/စွာ ပြေးခဲ့ကြ၏။ ယခု/တွင်မူ သမ္မာတရား/ကို မလိုက်နာ/စေရန် သင်တို့/ကို မည်သူ/တားဆီးသနည်း။ 8 ထိုသို့သော သွေးဆောင်မှု/သည် သင်တို့/ကို ခေါ်တော်မူသော အရှင်/ထံမှ လာသည်/မဟုတ်။ 9 အနည်းငယ်သော တဆေး/သည် မုန့်ညက်/တစ်ပုံလုံး/ကို ဖောင်းကြွစေ၏။ 10 ကျွန်ုပ်/အယူ/နှင့် ကွဲလွဲသော/အယူ/ကို သင်တို့/လက်ခံမည်/မဟုတ်ကြောင်း သခင်ဘုရား/သည် ကျွန်ုပ်/ကို ယုံကြည်/စိတ်ချစေတော်မူ၏။ သင်တို့/ကို စိတ်ရှုပ်ထွေးစေသော/သူ မည်သူမဆို ပြစ်ဒဏ်/စီရင်ခံရမည်။
11 ညီအစ်ကို/မောင်နှမတို့… အရေပြားလှီးခြင်း/မင်္ဂလာ/တရား လိုအပ်ကြောင်း/ကို ကျွန်ုပ်/ဟောပြောနေ/သေး/လျှင် အဘယ်ကြောင့် ညှဉ်းဆဲခံနေရ/သေးသနည်း။ ထိုသို့ ဟောပြောသည်/မှန်/လျှင် ကျွန်ုပ်/ဟောပြောသည့် လက်ဝါးကပ်တိုင်/၌ ခရစ်တော်/အသေခံခြင်း/အကြောင်း/သည် အနှောင့်အယှက် ဖြစ်တော့မည်/မဟုတ်ပေ။ 12 သင်တို့/ကို စိတ်ရှုပ်ထွေးစေသော/သူတို့/သည် မိမိတို့ကိုယ်မိမိ သင်းကွပ်လိုက်ကြ/လျှင် ကောင်း/လိမ့်မည်။
13 ညီအစ်ကို/မောင်နှမတို့… သင်တို့/သည် လွတ်လပ်ခွင့်/ရ/ရန်/အတွက် ခေါ်တော်မူခြင်း/ခံရသူများ ဖြစ်၏။ သို့သော် သင်တို့/၏ လွတ်လပ်ခွင့်/ကို မိမိ/ဗီဇစိတ်a/အလို/သို့ လိုက်/ရန်/အတွက် အခွင့်အရေး/အဖြစ်/အသုံးမပြုဘဲ မေတ္တာ/ဖြင့် အချင်းချင်း/အစေခံခြင်း/အတွက် အသုံးပြုကြလော့။ 14 အဘယ်ကြောင့်ဆိုသော် “ကိုယ်/နှင့် သက်ဆိုင်သော/သူ/ကို ကိုယ်/နှင့်/အမျှ ချစ်လော့”b ဟူသည့် ပညတ်/ကို လိုက်နာ/လျှင် ပညတ်တရား/အားလုံး/ကို လိုက်နာရာ/ရောက်/သောကြောင့် ဖြစ်၏။ 15 သို့သော် သင်တို့/သည် အချင်းချင်း ကိုက်ဖြတ်/ဝါးမျိုကြ/လျှင် အချင်းချင်း/ကြောင့် ပျက်စီး/သွားမည်/ဖြစ်/၍ သတိပြုကြလော့။
ဝိညာဉ်တော်/၏ တန်ခိုးတော်/နှင့် အသက်ရှင်ခြင်း
16 ဝိညာဉ်တော်/လမ်းညွှန်မှု/အတိုင်း ပြုမူနေထိုင်ကြ/ရန် သင်တို့/အား ကျွန်ုပ်/ပြောလို၏။ ထိုသို့/ပြုမူနေထိုင်/လျှင် သင်တို့/သည် လူ့/ဗီဇစိတ်/အလို/ကို မလိုက်ဘဲ နေကြ/လိမ့်မည်။ 17 အဘယ်ကြောင့်ဆိုသော် လူ့/ဗီဇစိတ်/သည် ဝိညာဉ်တော်/နှင့် ဆန့်ကျင်သော/အရာ/ကို အလိုရှိ/၍ ဝိညာဉ်တော်/သည် လူ့ဗီဇစိတ်/နှင့် ဆန့်ကျင်သော/အရာ/ကို အလိုရှိ/သောကြောင့် ဖြစ်၏။ လူ့ဗီဇစိတ်/နှင့် ဝိညာဉ်တော်တို့/သည် တစ်ပါး/နှင့် တစ်ပါး ဆန့်ကျင်/လျက် ရှိ/သဖြင့် သင်တို့/သည် မိမိ/အလိုဆန္ဒ/အတိုင်း မပြုနိုင်ကြပေ။ 18 သို့သော် ဝိညာဉ်တော်/၏ လမ်းညွှန်မှု/ကို ခံရ/လျှင် သင်တို့/သည် ပညတ်တရား/လက်အောက်/၌ မရှိပေ။
19 လူ့/ဗီဇစိတ်/၏ လုပ်ဆောင်ချက်/သည် သိသာ/ထင်ရှား၏။ ၎င်းတို့/မှာ တရား/နှင့်/မညီသော မေထုန်/ကို/ပြုခြင်း၊ စက်ဆုပ်/ညစ်ညမ်းခြင်း၊ ကာမဂုဏ်/လိုက်စားခြင်း၊ 20 ရုပ်တုကိုးကွယ်ခြင်း၊ ပြုစားခြင်း၊ မုန်းတီးခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ မနာလိုခြင်း၊ ဒေါသကြီးခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ စိတ်ဝမ်းကွဲခြင်း၊ ဂိုဏ်းကွဲခြင်း၊ 21 သဝန်တိုခြင်း၊ သောက်စား/မူးယစ်ခြင်း၊ အပျော်ကြူးခြင်း/နှင့် ထိုကဲ့သို့သော/အရာများ/ဖြစ်၏။ ထိုသို့သော/အရာများ/ကို ပြုမူသော/သူတို့/သည် ဘုရားသခင်/၏ နိုင်ငံတော်/ကို အမွေခံကြရမည်/မဟုတ်ကြောင်း ကျွန်ုပ်/ယခင်/က ပြောခဲ့သည့်/အတိုင်း ယခု/လည်း သတိပေးလိုက်၏။
22 သို့သော် ဝိညာဉ်တော်/က ဖြစ်စေသော အသီးအပွင့်/မှာ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်းချမ်းခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာ/စောင့်သိခြင်း၊ 23 နူးညံ့သိမ်မွေ့ခြင်း၊ မိမိကိုယ်ကိုယ်/ချုပ်တည်းခြင်း စသည်တို့/ဖြစ်၏။ ဤ/အရာများ/ပြုမူခြင်း/ကို တားမြစ်သော ပညတ်တရား/ဟူ၍ မရှိပေ။
24 ယေရှု/ခရစ်တော်/၏ လူတို့/သည် လူ့/ဗီဇစိတ်/ကို ထို/ဗီဇစိတ်/၏ ပြင်းပြခြင်း၊ တပ်မက်ခြင်း/တို့/နှင့်အတူ လက်ဝါးကပ်တိုင်/ပေါ်တွင် သတ်ကြလေပြီ။ 25 ဝိညာဉ်တော်/သည် ကျွန်ုပ်တို့/ကို အသက်ရှင်စေသည်/ဖြစ်/လျှင် ဝိညာဉ်တော်/လမ်းညွှန်မှု/အတိုင်း အသက်ရှင်ကြစို့။ 26 ဘဝင်မြင့်ခြင်း၊ အချင်းချင်း/အမျက်/ကို/နှိုးဆော်ခြင်း၊ အချင်းချင်း/မနာလိုခြင်းတို့/မရှိဘဲ နေကြစို့။